မော်လမြိုင်ကျွန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူအား ထောက်ပံ့ငွေပေးအပ်

မော်လမြိုင်ကျွန်း ဧပြီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်ပြည်သူအား ယမန်နေ့ ညနေ (၄) နာရီ ခန့်ကအမှတ် (၁၂) ရပ်ကွက် ဝိသုဒ္ဒါရုံဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဥ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းလွင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးတို့က အမှတ်(၁၃) ရပ်ကွက်၊ မာဃဗိုလ်ရွဲလမ်း၌ (၂၇.၄.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်းကျွမ်းပျက်စီးခဲ့သော နေအိမ် (၁၂) လုံး၊ အိမ်ထောင်စု (၁၂) စုမှ ဘေးသင့်လူဦးရေ (၅၀) ဦးနှင့် သေဆုံးသူ (၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၁၁)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅၀၀၀/-) ကျပ်နှင့် အိမ်ဆောင်ပစ္စည်းတန်ဖိုးငွေ (၁၁၀၀၀၀၀/-) ကျပ်နှင့် သေဆုံးသူ (၁) ဦးအား ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်  စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၅၀၅၀၀၀/-)ကျပ် တိတိကို ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)