မောက်မယ် ဧပြီ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်း ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြမြသန်းနှင့် တာဝန်ရှိသူများ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ ပူးပေါင်း၍ မောက်မယ်မြို့နယ် စျေးတန်းရပ်ကွက်အတွင်းရှိ အိမ်သုံးဆေးအရောင်းဆိုင်များတို့အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ တားမြစ်ဆေးများ၊ မူးယစ်ဆေးအုပ်စုဝင်ဆေးများ၊ ခွင့်ပြုချက်မရှိသည့် ကြီးကြပ်ကန့်သတ်ဆေးဝါးများ၊ ထိန်းချုပ်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးမျာ၊ ဆေးဝါးအတုများ၊ ဆေးဝါးမှတ်ပုံတင်မရှိသည့် ဆေးဝါးများ၊ သုံးစွဲရန်မသင့်သည့် ဆေးဝါးများ ဝယ်ယူတင်သွင်းခြင်း ရောင်းချခြင်း ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး တွေ့ရှိပါက အမျိုးသားဆေးဝါးဉပဒေပါ ပြဋ္ဌာန်းချက်များအရ အရေးယူအပြစ်ပေးခံရနိုင်သည့် အခြေအနေများကို အသိပညာပေးဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)