ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ခရမ်း ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Club အဖွဲ့ဝင်များဖြင့် စာရေးဆရာအောင်မင်းသိုက်၏ ကိုယ်ပိုင်စီးပွားနှင့်အောင်မြင်မည့်သူစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး Women Club အဖွဲ့ဝင်  ဒေါ်အေးမူက စာရေးဆရာ အောင်မင်းသိုက်၏ ကိုယ်ပိုင်စီးပွားနှင့် အောင်မြင်မည့်သူစာအုပ်သည် ရည်မှန်းချက်ကြီးမားသူများ မဖြစ်မနေဖတ်သင့်သည့် စာအုပ်ကောင်းဖြစ်ပါကြောင်း အဆိုပါစာအုပ်တွင် ကိုယ်ပိုင်စီးပွားနှင့် အောင်မြင်မည့်သူ ဖြစ်လာစေရန် နည်းလမ်းများစွာရှိကြောင်းထိုနည်းလမ်းများတွင် လုပ်ငန်းဆိုင်ရာအလေ့အကျင့်များ၊ ကံကြမ္မာ၊ အချိန်ကိုက်မှု၊ ယှဉ်ပြိုင်မှုများ၊ ကိုယ်ရည်ကိုယ်သွေး၊ ဗီဇ၊ အခြေအနေ၊ ထောက်ကူပံ့ပိုးသူများရှိပါကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး Women Club အဖွဲ့ဝင်ဒေါ်ဌေးဌေးဝင်းက ဤစာအုပ်ပါ အတွေးအခေါ်များသည် ရိုးရှင်းသည်၊ တိကျသည်၊ တိုက်ရိုက်တဲ့တိုးကျပါကြောင်း ဖတ်မှတ်ရလွယ်ကူ၍ အနှစ်ချုပ်ထားခြင်းကြောင့် အထောက်အကူကောင်းများရရှိနိုင်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူအများအသိပညာဗဟုသုတရရှိအောင် Online Talk Show များ၊ အသိပညာပေး လုပ်ငန်းများ၊ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )