မိုးညို ဧပြီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM (Myanmar Electronic Valing Machine-MEVM) အသုံးပြုရန် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက အမှာစကားပြောကြားပြီး သာယာဝတီခရိုင် ရွေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်က မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မိုးညိုမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ၊ မြို့နယ်အတွင်းရှိမြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၂ အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း ၁၄၇ ဦး တက်ရောက်၍ ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အကြံပြုပြောကြားခြင်းများအား တာဝန်ရှိသူများက ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)