ရန်ကင်းမြို့နယ်၌ စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

တနိုင်းမြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့တွင် နွေစပါးစံကွက်ရိတ်သိမ်းရာ ၁၈၇.၅ တင်း(အစိုတင်း) နှုန်းထွက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေးရွာ‌တွင် နွေစပါးအထွက်နှုန်းရရှိရေး စံကွက်ရိတ်သိမ်းခြင်းကို တောင်သူဦးထွန်း‌ဇော်၏ လယ်မြေ၌ ယနေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၁) နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

သာစည်မြို့နယ်တွင် လေပြင်းတိုက်ခက်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီကျော်က လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အခမ်းအနား (၂၀၂၄)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် “ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား (၂၀၂၄)” ကို မေလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ကမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခန်းမဆောင်၌ ကျင်းပခဲ့သည်။

လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသူအားကြိုဆိုဂုဏ်ပြု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အ.ထ.က (၁) မှ လူရည်ချွန်ကျောင်းသူ မစုမြတ်နိုင်သည် ငွေဆောင်မြို့၊ လူရည်ချွန်စခန်း (ငွေဆောင်)မှ ဒေသန္တရဗဟုသုတများအားလေ့လာခဲ့ပြီး လက်ပံတန်းမြို့နယ်သို့ ယမန်နေ့ ညနေ ၁ နာရီခွဲက ပြန်လည်‌ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးနှင့် ဆရာကြီး/ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာနေပြည်သူများက ကြိုဆိုခဲ့ကြသည်။

သောက်သုံးရေ အခက်အခဲရှိသည့် ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက်သို့ သောက်သုံးရေ လှူဒါန်း

(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေ အခက်အခဲရှိသည့် ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက် ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနက ရေသယ်ယာဉ်ဖြင့် ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက်သို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက်သတ္တပတ် (၂၀၂၄) အခမ်းအနား ကျင်းပ

ကျိုင်းတုံမြို့၌ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉ နာရီအချိန်တွင် မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ ပါမောက္ခချုပ်ကျောင်းဆောင်တွင် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တကေသရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပါသည်။
Subscribe to