တနိုင်းမြို့နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

တနိုင်း မေ ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး‌ဇော်လင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာ‌ရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းအမှာ စကားပြောကြားပြီး တနိုင်းမြို့နယ်စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရေး‌ဆွေးနွေး ပြောကြားကာ အတွင်းရေးမှူးက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌ရေး နှစ် ဒေသန္တရစီမံကိန်းလုပ်ငန်းများ၏ ကဏ္ဍအလိုက် အားသာချက်၊ အားနည်းချက်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌတို့က လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ တို့အတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တနိုင်းမြို့နယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

မနောမြေ(တနိုင်း)