ရန်ကင်း မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အဆိုပါ စာအုပ်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာရုံးများရှိ ဝန်ထမ်းများထံသို့ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တုစာအုပ်များနှင့် အသိပညာဗဟုသုတများစွာရရှိမည့်စာအုပ်များကို စုံလင်စွာငှားရမ်းပေးခဲ့ပြီး ထိုသို့ငှားရမ်းပေးခဲ့သော စာအုပ်များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်ဆက်)