ကျောက်တံခါးမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက် (၉)နာရီက မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စက်မှု၊ စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းဖွင့်လှစ်ပေး၊ ခရိုင်အတွင်းရှိဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဝမ်းစာဖူလုံရေးနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းစီမံကိန်းများ ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်တို့သည် ဧပြီ ၃၀ ရက် နံနက် ပူတာအိုမြို့နယ် အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

မိတ္ထီလာမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၄၇ အိမ်နှင့် စာသင်ကျောင်း ၃ ကျောင်း အမိုးလန်ပျက်စီးမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ယမန်နေ့ ညနေ ၃ နာရီ ၃ဝမိနစ်ခန့်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်ကျေးရွာအုပ်စုများတွင် လူနေအိမ် ၄၇ အိမ်နှင့် စာသင်ကျောင်း ၃ ကျောင်း အမိုးလန် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ် အမှတ်(၁၂)ရပ်ကွက်တွင် ဧပြီလ ၂၉ ရက်နေ့တွင် မီးလောင်မှုကြောင့် အိမ်ထောင်စု (၂၆)စု လူဦးရေစုစုပေါင်း (၁၁၂)ဦးအား‌ မဇ္ဈိမသုခလမ်းရှိ ရွှေပြည်သာရွာမဘုန်းတော်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ လိုအပ်သည်များ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။ ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်မားစေရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ မြို့ပေါ်ရပ်ကွက်နေ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့၊ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မေလ ၁ ရက်‌နေ့၊ နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်းသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဘွယ် ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာ များလျှောက်ထားခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် နွေရာသီ ယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ် စာစွမ်းရည် သင်ကြားပို့ချနေမှုများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် ၊ နွေရာသီ (ယဥ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာစွမ်းရည်) သင်တန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ် အတွင်းရှိ (အထက်တန်း ၊ အလယ်တန်း၊ မူလတန်း) ကျောင်းများအားလုံးတွင် သင်တန်းသားဦးရေ (၁၄၁၄) ဦးဖြင့် ( ၁ - ၄ - ၂၀၂၄) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်‌ အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်များမှ အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ယမန်နေ့ ညနေပိုင်းက ဒုတိယအကြိမ် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ အိမ်ပြိုလဲပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ချင်းပြည်နယ် ၊ ဟားခါးခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ချီးမြှင့်

ချင်းပြည်နယ် ၊ ဟားခါးခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် ထောက်ပံ့ခြင်းအခမ်းအနားကို မေလ ၂ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်၊ ခရိုင်ဌာနအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးခရိုင်အတွင်းရှိ အငြိမ်းစား ဝန်ထမ်းများ တက်ရောက်ကြသည်။

နတ်တလင်းမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နတ်တလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
Subscribe to