ထားဝယ် မေ ၃
(၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေ အခက်အခဲရှိသည့် ကျေးလက်နေ ပြည်သူများ သောက်သုံးရေ ဖူလုံစေရန်အတွက် ယနေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနက ရေသယ်ယာဉ်ဖြင့် ထားဝယ်မြို့၊ တလိုင်းထိန်ရပ်ကွက်သို့ သောက်သုံးရေများ သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်း ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင်များက တလိုင်းထိန်ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအတွက် သောက်သုံးရေဂါလန် (၅၀၀၀)အား စနစ်တကျ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သတင်းရသည်။
ငွေဇင်ယော်(ထားဝယ်)