သာပေါင်း မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် “ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား (၂၀၂၄)” ကို မေလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်ကမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခန်းမဆောင်၌ ကျင်းပခဲ့သည်။
“ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေးရက် သတ္တပတ်အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝင်းမီမီခိုင်က “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ကာကွယ်ဆေးဖြင့် အသက်ကယ်စို့” ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား(၂၀၂၄) လှုပ်ရှားဆောင်ရွက်မှုအား ရှင်းလင်းပြောကြားပြီးကာကွယ်ဆေးဖြင့် ကာကွယ်လို့ရသောရောဂါများအတွက် ကာကွယ်ဆေးထိုးနှံခြင်းသည် အနာဂတ်မှာကလေးသူငယ်များ ရောဂါကင်းရှင်းပြီး သားကောင်းရတနာများဖြစ်လာရန်၊ မွေးကင်းစမှ အသက်(၂)နှစ်အထိ ကလေးများအား ကာကွယ်ဆေးထိုးနှံရန် လိုအပ်ကြောင်းနှင့်ကာကွယ်ဆေး အကျိုးအာနိသင်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းမီမီခိုင်နှင့်ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်း ဧရာထိုက်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဝင်တို့က ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်