လက်ပံတန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသူအားကြိုဆိုဂုဏ်ပြု

လက်ပံတန်း မေ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် အ.ထ.က (၁) မှ လူရည်ချွန်ကျောင်းသူ မစုမြတ်နိုင်သည် ငွေဆောင်မြို့၊ လူရည်ချွန်စခန်း (ငွေဆောင်)မှ ဒေသန္တရဗဟုသုတများအားလေ့လာခဲ့ပြီး လက်ပံတန်းမြို့နယ်သို့ ယမန်နေ့ ညနေ ၁ နာရီခွဲက ပြန်လည်‌ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဥမ္မာဦးနှင့် ဆရာကြီး/ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာနေပြည်သူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် လူရည်ချွန်ကျောင်းသူ မစုမြတ်နိုင်အားဂုဏ်ပြုပွဲကို မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးက ဂုဏ်ပြုအမှာစကား ပြောကြား၍ ဂုဏ်ပြုဆုများချီးမြင့်ခဲ့ပြီး လူရည်ချွန်ကျောင်းသူ မစုမြတ်နိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း