မင်းလှမြို့တွင် နွေစပါးစံကွက်ရိတ်သိမ်းရာ ၁၈၇.၅ တင်း(အစိုတင်း) နှုန်းထွက်ရှိ

မင်းလှ မေ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဝက်လှကြီးအုပ်စု၊ ဝက်လှကြီးကျေးရွာ‌တွင် နွေစပါးအထွက်နှုန်းရရှိရေး စံကွက်ရိတ်သိမ်းခြင်းကို တောင်သူဦးထွန်း‌ဇော်၏ လယ်မြေ၌  ယနေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။

စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များက ကွင်းအမှတ်(၁၁၀၄)၊ ဦးပိုင်အမှတ်(၄၉)တောင်သူဦးထွန်း‌ဇော်၏ လယ်မြေ(၅)ဧက၌ စိုက်ပျိုးထားသည့်  YSR-1 စပါးမျိုးအား တောင်သူများနှင့်ပူးပေါင်း၍ စံကွက်ရိတ်ကြရာ တစ်ဧကအထွက်နှုန်းပျမ်းမျှ(၁၇၈.၅)တင်း(အစိုတင်း)ထွက်ရှိခဲ့သည်။

မင်းလှမြို့နယ်တွင် နွေစပါးဧက(၁၂၈၉၄)စိုက်ပျိုးထားရှိကြောင်း၊‌ နွေစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော်အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီမှ

ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)