မိုင်းရှူး ဇွန် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ရွှေဟင်္သာစျေး ငွေစုငွေချေးသမဝါယမအသင်းလီမိတက် (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက အမှတ်(၂)ရပ်ကွက်၊သမဝါယမအသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးတွင် ရွှေဟင်္သာစျေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးဝင်းသူက သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိက မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးအောင်မြင့်က အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်ဝန်ထမ်းပေါင်းစုံအသင်း၏ ဒါရိုက်တာအဖွဲ့ဝင် ဒေါ်မြမြလွင်က ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရာ သဘာပတိက အဆိုပါရှင်းတမ်းအား အတည်ပြုခဲ့သည်။ ယင်းနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေ (၈၈,၈၆၆,၇၆၅) ကျပ်ရှိပြီး စုဆောင်းငွေပေါ် အတိုးနှင့်အစုပေါ်အမြတ်ငွေကို တာဝန်ရှိသူများက အသင်းသား (၂၃၇) ဦးထံ ပေးအပ်သည်။ အဆိုပါ အခမ်းအနားတွင် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းရှူး(ပြန်/ဆက်)