မအူပင်မြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲကျင်းပ

မအူပင် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၉) ရပ်ကွက်၊ ရေလဲလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်သည်။

ဦးစွာ မအူပင်မြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူးဦးစိုးမိုးထွန်းမှ သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြဆရာများ ဖြစ်သည့် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မျိုးဌေးနှင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်ဖြိုးတို့မှ New Telent အထည်ချုပ်စက်ရုံမှ သင်တန်းသား၊ သင်တန်းသူ (၃၅) ဦး၊ ‌လောကနတ်ပုဂ္ဂလိကဆေးရုံမှ သင်တန်းသား၊ သင်တန်းသူ (၁၅) ဦး၊ စုစုပေါင်း သင်တန်းသား သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) သို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမိုးထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးနှင့်တပ်ဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့ထိ (၅) ရက်တာကာလဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်ဆက်)