သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (Grade-1)မှ (Grade-8) Placement Test(အထူးအစီအစဉ်) ကျောင်းသား၊ ကျောင်းသူ (၃၆၂) ဦးဝင်ရောက်ဖြေဆို

သရက်ချောင်း ဇွန် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (Grade-1)မှ (Grade-8) Placement Test (အထူးအစီအစဉ်) စာစစ်ဌာနတစ်ခုတည်းဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၆၂ ဦးတို့ပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (Grade-1)မှ (Grade-8) Placement Test(အထူးအစီအစဉ်) စာစစ်ဌာန(၁)ခုတည်းဖြင့် စာမေးပွဲစစ်ဆေးခြင်း ‌စာရင်းရှိ ကျောင်းသား ၁၇၈ ဦး၊ ကျောင်းသူ ၂၂၇ ဦး၊ စုစုပေါင်း ၄၀၅ ဦး၊ ဖြေဆိုသူ‌ ကျောင်းသား ၁၆၁ ဦး၊ ကျောင်းသူ ၂၀၀ ဦး၊ စုစုပေါင်း ၃၆၂ ဦး၊ ပျက်ကွက် ကျောင်းသား ၁၇ ဦး၊ ကျောင်းသူ ၂၇ ဦး၊ စုစုပေါင်း ၄၄ ဦး ရှိကြောင်းသိရပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ (Grade-1)မှ (Grade-8) Placement Test (အထူးအစီအစဉ်)အဖြစ် စာမေးပွဲဖြေဆိုရန် လိုအပ်သည်များကို မြို့နယ်ပညာရေးမှူး ဒေါ်လှအေးနှင့် ဆရာ/ဆရာမများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ မိဘများကလည်း စာမေးပွဲဖြေဆိုနေစဉ်နှင့် ဖြေဆိုပြီးသည်အထိ ‌လာရောက်စောင့်ကြိုကြပြီး ပံ့ပိုးကူညီ‌‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)