မင်္ဂလာဒုံမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သုတ/ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှု့ချင်သော်လည်းအကြောင်းအမျိုးမျိုးကြောင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုများ အဆင်ပြေချောမွေ့စွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဉီးစီးဌာနသို့သွားရောက်ပြီး ဝန်ထမ်းမိသားစုများထံသို့သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဖျာပုံမြို့၌ သောက်ရေပြတ်လပ်မှုမရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ခရိုင်မီးသတ်ဦးစီးဌာန၊လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များပူးပေါင်း၍ မြို့နယ်အတွင်း သောက်ရေပြတ်လပ်မှု မရှိစေရေးသောက်ရေများ လိုက်လံဖြန့်ဝေပေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်မှစတင်၍ဖျာပုံမြို့နယ်အတွင်းရှိ​ သောက်ရေလိုအပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာများသို့လိုက်လံဖြန့်ဝေပေးကြသည်။

မိုးညှင်းမြို့၌ ၂၀၂၄ခုနှစ် လူရည်ချွန်မောင်မယ်ခြောက်ဦးအား ကြိုဆိုဂုဏ်ပြု

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်မှ ၂၀၂၄ ခုနှစ် ထူးချွန်ထက်မြက်သည့် လူရည်ချွန်မောင်မယ်များသည် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်ခဲ့ကြပြီး မေလ (၆) ရက် မွန်းလွဲ (၁) နာရီခွဲက မိုးညှင်းမြို့သို့ ပြန်လည်ရောက်ရှိလာကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိဘဆွေမျိုးများက ဂုဏ်ပြုပန်းစည်းများဖြင့် နွေးထွေးစွာကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေး

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာမြင့်မားသည့် လူငယ်၊ လူရွယ်များဖြစ်လာစေရန် ယမန်နေ့၊ မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဟောပြောဆွေးနွေးခဲ့သည်။

ကန့်ဘလူခရိုင်၌ ယခုနှစ် နွေစပါး ၂၂၃၄၈ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နွေစပါး ၂၂၃၄၈ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်၌ ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်နွေရာသီစိုက်ပျိုးသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

သာပေါင်းမြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ရပ်ကွက်၊ကျေးရွာအုပ်စုများအရောက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောပွဲများ စဉ်ဆက်မပျတ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောပွဲများကို ရပ်ကွက်၊ကျေးရွာအုပ်စုများအရောက် စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မေလ ၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က သရက်ကုန်း ကျေးရွာအုပ်စုနှင့်မရမ်းချို ကျေးရွာအုပ်စုတို့ ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မေလ ၆ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လူအများသွားလာ စည်ကားရာလမ်းဆုံလမ်းမများမှ လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

မအူပင်မြို့၌ နွေရာသီဝူရှုးအားကစားသင်တန်းဆက်လက်သင်ကြားပို့ချ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နွေရာသီဝူရှုး အားကစားသင်တန်းအား ယမန်နေ့နံနက် (၇) နာရီမှစတင်၍ မေတ္တာရှင်အမျိုးသမီး ပရဟိတဂေဟာ၌ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။
Subscribe to