မအူပင်မြို့၌ နွေရာသီဝူရှုးအားကစားသင်တန်းဆက်လက်သင်ကြားပို့ချ

မအူပင် မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နွေရာသီဝူရှုး အားကစားသင်တန်းအား ယမန်နေ့နံနက် (၇) နာရီမှစတင်၍ မေတ္တာရှင်အမျိုးသမီး ပရဟိတဂေဟာ၌ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါ ဝူရှုးအားကစားသင်တန်းအား နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ မိမိကိုယ်ကိုကာကွယ်နိုင်စေရန်နှင့် ပညာရေးဘက်တွင်သာမက အားကစားဘက်တွင်လည်း ထူးချွန်သည့်လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မအူပင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာခိုင်ကြီးကြပ်မှုဖြင့် နည်းစနစ်မှူးဒေါ်စိုးထက်နန္ဒာမှ သင်တန်းသူ (၁၂) ဦးအား ဝူးရှုးကစားနည်းသင်တန်း လက်‌တွေ့သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းကာလမှာ ဧပြီလ (၂၇) ရက်နေ့မှ မေလ (၂၁) ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)