မင်္ဂလာဒုံမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်္ဂလာဒုံ မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သုတ/ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှု့ချင်သော်လည်းအကြောင်းအမျိုးမျိုးကြောင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုများ အဆင်ပြေချောမွေ့စွာဖြင့် စာပေကိုလေ့လာဖတ်ရှုနိုင်ရန် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဉီးစီးဌာနသို့သွားရောက်ပြီး ဝန်ထမ်းမိသားစုများထံသို့သုတ/ရသစာအုပ် စာစောင်များကို နယ်လှည့်ကွင်းဆင်း၍ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကစာဖတ်ရှိန်တိုးတက်လာစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များကို သုတ/ရသစာအုပ်အမျိုးအစားစုံလင်စွာဖြင့် နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးခဲ့ကာ ငှားရမ်းပြီးစာအုပ်များကိုတစ်ပတ်ပြည့်ပါက စာအုပ်များပြန်လည်အပ်နှံနိုင်ရေးနှင့် အသစ်ထပ်မံငှားရမ်းနိုင်ရေးအတွက် အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)