ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက် ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခဲ့ရာ ယနေ့နံနက်ပိုင်းက စားအုန်းဆီ (၁၅၁၈၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ပရိသတ်များ စာအုပ်များလှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ စာပေဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုပြီး အသိပညာဉာဏ်ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှာရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ပရိသတ်များ စာအုပ်များ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄)ခုနှစ် အခမ်းအနားတက်ရောက်

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်(၂၀၂၄)ခုနှစ် (World Immunization Week) အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွား ဒီပလိုမာသင်တန်းသူများအား  ဦးဆောင်းအပ်နှင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ သားဖွားသင်တန်းကျောင်းတွင် အပတ်စဉ်(၁၁) ဘက်စုံသားဖွား ဒီပလိုမာသင်တန်းသူများအား  ဦးဆောင်းအပ်နှင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်းပရဟိတမိသားစုမှ နတ်ပလင်ကျေးရွာနှင့်ချောင်းဝကျေးရွာသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျှက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲအချိန်က နတ်ပလင်ကျေးရွာနှင့်ချောင်းဝကျေးရွာသို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်

မြိတ်မြို့တွင် လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်း စဉ်ဆက်မပြတ်ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရှိရာ မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများ၏ Biometric အချက်အလက်များ စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြိတ်မြို့နယ်တွင် ဆိပ်ငယ်ရပ်ကွက်၊ ရုံးလမ်း မြိတ်မြို့နယ်ဦးစီးမှူးရုံးနံဘေး အဆောက်အဦတွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

မိုးညိုမြို့နယ်၌ လေဘေးသင့်အိမ်‌ထောင်စုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက မြို့နယ်အတွင်း လေဘေးသင့်ခဲ့သောအိမ်ထောင်စု (၃၃) စုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံး၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

မလှိုင်မြို့နယ်၌ ရှစ်မျက်နှာပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်၏ (၇၆)နှစ်ပြည့် ဝိဇာတမင်္ဂလာနှင့် သာသနဓဇဓမ္မာစရိယဘွဲ့ရ(၁၉)ပါးတို့အား ဂုနဝိသိဋ္ဌပူဇာ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ သာသနာ့ဝေပုလ္လလေးမျက်နှာ၊ ရှစ်မျက်နှာပရိယတ္တိ စာသင်တိုက်နှင့် ဓမ္မိကာရာမ အပ္ပမာဒဓမ္မရိပ်သာတို့၏ ဦးစီးပဓာနမဟာနာယက၊ ရွှေကျင်နိကာယဂိုဏ်းလုံး ဝန်ဆောင်နာယက၊ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တကဉ္စန မဟာထေရ်မြတ်၏ သက်တော်(၇၆)နှစ်ပြည့် ဝိဇာတမင်္ဂလာနှင့် သာသနဓဇဓမ္မာစရိယဘွဲ့ရ သာသနာ့အာဇာနည် (၁၉)ပါးတို့အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်တွင် ရှစ်မျက်နှာ ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၁၂၇၁ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါးစိုက်ပျိုးရန် ဧက ၅၀၀ လျာထားခဲ့ရာ ၁၂၇၁ ဧကစိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to