ကဝမြို့နယ်၌ ရေပြတ်လပ်မှုမရှိစေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာ မိသားစုများမှ သောက်သုံးရေလှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ရေပြတ်လပ်မှုမရှိစေရန်နှင့် သောက်သုံးရေဖူလုံစေရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာမိသားစုများအလှူငွေဖြင့် ငွေတောင်ကျေးရွာနှင့် ဘိုတဲကျေးရွာများတွင် သောက်သုံးရေလှူဒါန်းခဲ့ကြောင်း သိရသည်။