ကျောက်ပန်းတောင်းမြို့နယ် ရွာလုကျေးရွာတွင် မြေသားရေကန် တူးဖော်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ (Shopping Method)ဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်သည့် ရွာလုကျေးရွာအုပ်စု၊ ရွာလုကျေးရွာ မြေသားရေကန် တူးဖော်ပြီးစီးမှု အခြေအနေများအား ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။