ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဒဂုံအရှေ့ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁၅)(၁၂၄) ရပ်ကွက်များ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရက် (၁၀၀) အထူးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦး‌ကျော်ဝင်းထွန်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကွင်းဆင်း၍ အသက် (၁၀) နှစ်ပြည့်၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားအသစ် ပြုလုပ်လိုသည့်‌ ကျောင်းသား‌၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အ‌ထောက်အထားများဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးခဲ့ပြီး ဇီဝဆိုင်ရာအချက်အလက်‌ကောက်ယူခြင်းလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

အေးမဉ္ဇူ