ဒဂုံအရှေ့ ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီသင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက သင်တန်းဆင်းပွဲကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာ မောင်ယဥ်ငွေ (ဥက္ကလာ) က သင်တန်းသား၊ သင်တန်းသူများအား ဆုရွေးချယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက သင်တန်းနည်းပြဆရာအား ဂါရဝပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့သည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပန်းချီသင်တန်းမှ ပို့ချပေးသည့် ပန်းချီရေးဆွဲနည်းများ၊ မျဉ်းအကြောင်း၊ (မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်)၊ ခန္ဓာကိုယ်ရေးဆွဲနည်း၊ အရာဝတ္ထုရေးဆွဲနည်းများကို ဧပြီလ (၂၀) ရက်နေ့ မေလ (၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ