မြောင်းမြမြို့တွင် ပန်းခင်းစီမံချက်(၃)ဖြင့် Biometric အချက်အလက်ကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

မြောင်းမြ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားပြောင်းဝင်/ပြောင်းထွက်၊ မွေးတိုး/သေဆုံးဆောင်ရွက်ခြင်းနှင့် ဇီဝဗေဒရာဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းများကို တောင်ဒီးကျေးရွာအုပ်စု၊ တောင်ဒီးကျေးရွာတွင် ယမန်နေ့နံနက် (၉း၃၀) နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် လူတစ်ဦးချင်း၏ ဇီဝဗေဒရာဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ၏ Biometric Data  များဖြည့်သွင်းရာတွင် အသုံးပြုသည့် စက်များဖြင့် လူတစ်ဦးချင်းစီ၏ မျက်နှာ၊ မျက်လုံး၊ လက်ဗွေများကို Screen ဖတ်ပြီး အချက်အလက်များအား Server ထဲထည့်၍ အဆိုပါ အချက်အလက်များကို QR နံပါတ်ပါသည့် ဂဏာန်း(၁၀)လုံးပါ UID နံပါတ်ပါစာရွက် ပြန်လည်ထုတ်ပေးခြင်းကို မြောင်းမြမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်လဝကမှူး ဦးထွဋ်ထွဋ်ခန့် ဦးဆောင်၍ ဝန်ထမ်းများဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ် ဇွန်လ (၃၀) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ မြောင်းမြမြို့နယ်တွင် နိုင်ငံဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများအား QR Code ကုတ်ပါသည့် ဂဏာန်း(၁၀)လုံးပါသည့် UID နံပါတ်ပါသည့် စာရွက်ပြန်လည်ထုတ်ပေးပြီးသူ (၃၁၅၇၁) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းငြိမ်းထံမှ သိရသည်။

ဇေယျာ (ပြန်/ဆက်)