မအူပင် မေ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ယနေ့နံနက်(၉)နာရီမှစ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်လင်းထွဋ်ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ ထနီးကျေးရွာအုပ်စုအတွင်းရှိ ထနီး၊ ဂလုံး၊ ရွှေတစ်ချောင်း၊ ကျုံတာနှင့် ဇီးကုန်းကျေးရွာများတွင် ယခုကာလအတွင်းဖြစ်ပေါ်တတ်သည့် မိုးကြိုးဘေးအန္တရာယ်၊ လျှပ်စီးဘေးအန္တရာယ်၊ လေပြင်းဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန် အချက်များအား အသိပညာပေးနှိုးဆော်ပြီး သဘာဝဘေးလက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)