ရေနံချောင်းမြို့နယ်၌ သောက်သုံးရေရှားပါးသည့် ကျောက်မဆင်ကျေးရွာသို့ သွားရောက်၍ သောက်သုံးရေဂါလံ ၁၂၀၀ လှူဒါန်း

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက နွေရာသီကာလ သောက်သုံးရေရှားပါးသည့် ကျောက်မဆင်ကျေးရွာမှ ဒေသခံပြည်သူများအား ယမန်နေ့ ညနေပိုင်းက သောက်သုံးရေဂါလံ ၁၂၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ပဉ္စမအစည်းအဝေးကျင်းပ

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ပထမအဖွဲ့ခွဲ၏ ပဉ္စမအကြိမ် ပဉ္စမအစည်း အဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာမဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

“လူသားချင်းစာနာမှု အစဉ်ရှင်သန်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် မေ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက “မြန်မာပြည်မြောက်ဖျားက ကြက်ခြေနီ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

လင်းခေးမြို့နယ်တွင် အပူရှောင်စခန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ အပူရှောင်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့ မဟာဝိဟာရပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်ရှေ့၌ ကျင်းပခဲ့သည်။

ပုံပါကျင်မြို့(Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်များဖြစ်လာစေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေမီးစသတ်စခန်းမှ သောက်သုံးရေ ၁၆၀၀ ဂါလံလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာ/တဲတိုက်များသို့ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် နယ်မြေမီးသတ်စခန်းများက သောက်သုံးရေ လှူဒါန်းပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းထွန်း ထံက သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သောက်သုံးရေ ရှားပါးသည့် မြို့နယ်အသီးသီးရှိ ကျေးရွာများသို့ မီးသတ်ယာဉ်များဖြင့် အခမဲ့ရေပေးဝေခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း သောက်သုံးရေရှားပါးသည့် မြို့နယ်အသီးသီးသို့ မီးသတ်ယာဉ်များဖြင့် အခမဲ့ရေပေးဝေခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့် English Speaking သင်တန်းဆင်းပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့် English Speaking သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။

မော်လိုက်မြို့၌ (၁/၂၀၂၄-၂၅) အမှတ်စဉ် (၁) အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံများ အမိုးလန်ပျက်စီး ဆုံးရှုံး

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူ့ဆေးရုံရှိ သားဖွားဆောင် Sunshade အမိုးမျက်နှာကျက်နှင့် ဟိုင်းကြီးဒိုးကျေးရွာမှ လူနေအိမ် (၁၈)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။
Subscribe to