တပ်ကုန်း မေ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့် English Speaking သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးအောင်မြင့်မိုးနှင့် ဌာနဆိုင်ရာများ၊ ခေတ္တမြို့နယ်ပညာရေးမှူး ဒေါ်နန်းရဲနန္ဒာစိုးနှင့် ဆရာဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပြီး၊ ခေတ္တမြို့နယ် ပညာရေးမှူး ဒေါ်နန်းရဲနန္ဒာစိုးက သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် တာဝန်ရှိသူများ ယဉ်ကျေးလိမ္မာ၊ ပန်းချီ၊ ကွန်ပျူတာနှင့် English Speaking သင်တန်းတို့မှ သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်းနှင့် ကွန်ပျူတာသင်တန်း၊ English Speaking သင်တန်းတွင် ထူးချွန်သည့် သင်တန်းသား၊ သင်တန်းသူများကိုလည်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
တပ်ကုန်းမြို့နယ် ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၀ ဦး၊ ကွန်ပျူတာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၆၃ ဦး၊ ပန်းချီသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀ ဦး၊ English Speaking သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၄၀ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလတွင် ဧပြီ ၂၃ ရက်မှ မေ ၉ ရက်နေ့ထိ သင်ကြားပို့ချကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်စိုးလွင်