ရေနံချောင်းမြို့နယ်၌ သောက်သုံးရေရှားပါးသည့် ကျောက်မဆင်ကျေးရွာသို့ သွားရောက်၍ သောက်သုံးရေဂါလံ ၁၂၀၀ လှူဒါန်း

ရေနံချောင်း မေ ၉

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနက နွေရာသီကာလ သောက်သုံးရေရှားပါးသည့် ကျောက်မဆင်ကျေးရွာမှ ဒေသခံပြည်သူများအား ယမန်နေ့ ညနေပိုင်းက သောက်သုံးရေဂါလံ ၁၂၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းစိုးဝင်းနှင့် ဝန်ထမ်းများက ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ ၁၂၀၀ ကို ကျောက်မဆင်ကျေးရွာရှိ အိမ်ထောင်စု ၁၃၀ အတွက် သောက်သုံးရေအဆင်ပြေစေရန် ကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)