အောင်လံမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံများ အမိုးလန်ပျက်စီး ဆုံးရှုံး

အောင်လံ မေ ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်သူ့ဆေးရုံရှိ သားဖွားဆောင် Sunshade အမိုးမျက်နှာကျက်နှင့် ဟိုင်းကြီးဒိုးကျေးရွာမှ လူနေအိမ် (၁၈)လုံး အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ (၁၈)လုံးမှ အိမ်ထောင်စုမိသားစုဝင်များအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ဆွေမျိုးများနေအိမ်တွင် ယာယီနေရာချထားပေးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)