မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရှေးဦးပြုစုနည်းအခြေခံသင်တန်းသင်ကြားပို့ချနေမှုအား ကြည့်ရှုအားပေး
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းတွင် မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုနည်း အခြေခံသင်တန်းသင်ကြားပို့ချနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။