လင်းခေး မေ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ အပူရှောင်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လင်းခေးမြို့ မဟာဝိဟာရပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်ရှေ့၌ ကျင်းပခဲ့သည်။
အဆိုပါ အပူရှောင်စခန်းအား မဟာဝိဟာရပရိယတ္တိစာသင်တိုက်ကျောင်းမှ ဆရာတော်ဘဒ္ဒန္တရာဇဝံသ(မြို့နယ်သံဃာ့နာယကအကျိုးတော်ဆောင်)၊ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးနေဝင်း(ဒုတိယညွှန်ကြားရေးမှူး)နှင့် "နမ့်ခုံး"ရှမ်းများပရဟိတအသင်း(ခွဲ) လင်းခေးမြို့နယ်ဥက္ကဋ္ဌ ဒေါ်နန်းရွှေဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အပူရှောင်စခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လင်းခေးအပူရှောင်စခန်းအား ယနေ့မှ စတင်ကာ ရက်ပေါင်း (၃၀)တိတိ ဖွင့်လှစ်ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အပူရှောင်စခန်းသို့ လာရောက်ကြမည့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအား တာဝန်ရှိသူတို့က နေ့စဥ် အအေး၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ လက်ဖက်သုပ်၊ ဂျင်းသုပ် အစရှိသည်တို့ကို့ ကျွေးမွေးဧည့်ခံပေးသွားမည်ဟု ခရိုင်ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)