မြောက်ဥက္ကလာပမြို့နယ်၌ မြေပြင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်ရေးကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြေပြင်လူဦးရေစာရင်းစိစစ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းကစ၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။