ရှမ်းရွာသစ်မြို့ အမှတ်(၃) ရပ်ကွက်တွင် လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်စေရေး တံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အမှတ်(၃)ရပ်ကွက်၊ စံပယ်လမ်းရှိ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌  မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် တပိုင်တနိုင် ဟင်္သာဘဲများ မွေးမြူ

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သည့်အပြင် မိသားစု အပိုဝင်ငွေရရှိစေရေးတွက် မွေးမြူရေး လုပ်ငန်းများဖြစ်သည့် ဟင်္သာဘဲများကိုလည်း တပိုင်တနိုင် တွဲဖက်၍ မွေးမြူလျက်ရှိကြောင်း သိရသည်။

ကမာရွတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်များစိုက်ထူ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ​မေလ (၁၀) ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၊​ လေ့ကျင့်ရေးအထက်တန်း​ကျောင်း၊ အ-ထ-က(၁)၊ အ-ထ-က(၂)၊ အ-ထ-က(၃)နှင့် အ-လ-က(၂)တို့တွင် ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

အမ်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ တိုးမြှင့်ရောင်းချခြင်း မရှိစေရေး ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း မြို့နယ်အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီပူးပေါင်းအဖွဲ့က အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း မရှိစေရေး ယမန်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက် မြို့မစျေးနှင့် လေယာဉ်ကွင်းရပ်ကွက်ရှိ စျေးတို့တွင် အခြေခံစားသောက်ကုန် ကုန်စုံဆိုင်များအား ကွင်းဆင်း စစ်ဆေးကြသည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ  ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လောင်းလှူဒါန်းရေးဦးစီးကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မတ္တရာမြို့နယ်၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ အပတ်စဉ် ဆက်လက်ဆောင်ရွက်ပေးနေ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် ၂ နှစ် အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်း လုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေထုတ်ချေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့က သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့သည်။
Subscribe to