မြစ်ကြီးနား မေ ၉
“လူသားချင်းစာနာမှု အစဉ်ရှင်သန်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ် မေ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို ကြက်ခြေနီတပ်ဖွဲ့ဝင်များက “မြန်မာပြည်မြောက်ဖျားက ကြက်ခြေနီ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီအသင်းသည် ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ လူမှုကရုဏာလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ခေတ်အဆက်ဆက်တွင် ခေတ်ကာလနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးကို စဉ်ဆက်မပြတ် သယ်ပိုးဆောင်ရွက်နိုင်ခဲ့သည့် မွန်မြတ်သည့် စေတနာရှင် လူမှုဂရုဏာ အသင်းကြီး တစ်သင်းအဖြစ် အစဉ်တစိုက် ရပ်တည်လာနိုင်ခဲ့သည်မှာ ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်ပါ ကြောင်း၊ ထို့အပြင် ရည်ရွယ်ချက်တူညီသော အခြားသော စေတနာရှင်လူမှုကရုဏာအဖွဲ့အစည်းများ နှင့်အတူ စည်းလုံးညီညွတ်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယခုနှစ်၏ ဆောင် ပုဒ်နှင့်အညီ လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ကို အရင်းခံကာ ကြက်ခြေနီစေတနာလုပ် အားရှင်အားလုံးက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြပြီး ငြိမ်းချမ်းသော ကမ္ဘာကြီးကို တည်ဆောက်ကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးချစ်ဖေက ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကြက်ခြေနီတပ်ဖွဲ့တွင် အသက် (၆၅)နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ကြက်ခြေနီလုပ်သက် နှစ်(၅၀)ဖြင့် ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိသူ၊ လစဉ်အစီရင်ခံစာ အချိန်မီပုံမှန်ပေးပို့ခြင်း ဆုရရှိသည့် မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ၂၀၂၃-၂၀၂၄ ခုနှစ် ဧပြီလအထိ မြို့နယ်အစီအစဉ်ဖြင့် အခြေ ခံ ရှေးဦးပြုစုခြင်းသင်တန်း အကြိမ်ရေအများဆုံး ဖွင့်လှစ်နိုင်သည့် မိုးညှင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲတို့အား ဂုဏ်ပြုဆုများကို အသီးသိးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် အလှူငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ အလှူရှင်များက အလှူငွေများကိုလည်းကောင်း လှူဒါန်းကြရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အမှုဆောင် ဒူဝါ ဒေါက်တာဘွမ်ယွမ်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အခမ်းအနား တက်ရောက်လာသူများက ခန်းမအတွင်း ပြသထားသည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ လူမှုကရုဏာ လုပ်ငန်းများ စွမ်းဆောင်ခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာစာသင်ကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများ အေးချမ်းစွာ အချိန်မီဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာကျောင်းများကို မကြာခင်ကျောင်းဖွင့်ရာသီ ကာလအမီ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်သင်ကြားနိုင်ရေး၊ ပညာရေးကဏ္ဍ တည်ငြိမ်ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေး ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် အခြေခံပညာ ကျောင်းနေ အရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး၊ လွတ်လပ်အေးချမ်းစွာဖြင့် သင်ကြားနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အဆင့်မြင့်ပညာကျောင်းများဖြစ်သည့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ အသက်မွေးပညာသင်တန်း ကျောင်းများကိုလည်း သတ်မှတ်ချိန်အမီ ဖွင့်လှစ်သင်ကြားနိုင်ရေး အားလုံးဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြား သည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီးက ပညာသင်နှစ်အလိုက် ကျောင်းများဖွင့်လှစ်ခဲ့မှု အခြေအနေများ၊ ယခုနှစ်အတွက် ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပါမောက္ခချုပ်များက ပြည်နယ်အတွင်းရှိ ခရိုင်များအလိုက် တက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်ထားသည့် အစီအစဉ်များ၊ ပြည်နယ်ပညာရေး မှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က္ကဋ္ဌများက ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်ချက်များ၊ အခက်အခဲများ၊ နယ်မြေ အခြေအနေအရ ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အချိန်မီဖွင့် လှစ်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဧပြီ ၇ ရက်နေ့ ညနေပိုင်းကလည်း ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်အမှုဆောင်အရာရှိ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ မြစ်ကြီးနားမြို့ ပန်းမြို့တော်စီမံကိန်းဖြင့် သန့်ရှင်း သာယာလှပ၍ စိမ်းလန်းစိုပြေစေရေး ဧရာရပ်ကွက် ကျောက်စိမ်းတုံးအဝိုင်းနေရာမှ ဆွမ်ပရာဘွမ်လမ်းနှင့် ဆမားလမ်းဆုံနေရာတို့တွင် မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ ပုံဖော်စိုက်ပျိုးနိုင်ရေး၊ လူသွားလမ်းပလက်ဖောင်းများ စနစ်တကျ ပြုပြင်တည်ဆောက်နိုင်ရေး လှည့်လည့်ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ယင်းနောက် ဆွမ်ပရာလမ်းတစ်လျှောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းနှင့် အံတော်ရှင်စေတီတော်အထိ လမ်းဘေးဝဲ/ယာ တစ်လျှောက် တွင် လူသွားလမ်းပလက်ဖောင်းနှင့် အလှပန်းပင်များ စနစ်တကျ သပ်ရပ်စွာ စိုက်ပျိုးနိုင်ရေးနှင့် ဆွမ်ပရာဘွမ်လမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းဆုံနေရာမှ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် လမ်းလယ်ကျွန်းများအကြား ယာဉ်ကြီး၊ ယာဉ်ငယ် ဖြတ်သန်းသည့်နေရာများတွင် အများပြည်သူ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက် လမ်းလယ်ကျွန်းများ ကြားတွင် ကွန်ကရစ်ကပ်တုံးနှင့် အလှပန်းအိုးများ၊ မြက်ခင်းများဖြင့် စနစ်တကျ ပိတ်ဆို့တားဆီး နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)