မုဒုံ မေ ၁၇
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို မေလ ၁၅ ရက်နေ့က သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့သည်။
ဦးစွာ မုဒုံမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီထွန်းက စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်စေရန်၊ စိုက်ပျိုးရေးကဏ္ဍမှ ကျေးလက်စီးပွား တောင့်တင်းခိုင်မာလာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထုတ်ချေးပေးရခြင်းဖြစ်ကြောင်းနှင့် လိုက်နာရမည့်စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အခြေခံသမဝါယမအသင်း (၆) သင်းမှ အသင်းသားများကို မြို့နယ်ဦးစီးအရာရှိနှင့် သမဝါယမအသင်းဥက္ကဋ္ဌတို့က အရင်းအတိုးငွေ စုစုပေါင်း ၂၅၄,၁၁၂,၀၀၀/- ကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)