ကျိန္တလီမြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ကျင်းပ

ကျိန္တလီ မေ ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းလေးနှင့် အငယ်တန်းစာရေး(အင်အားပြ) ဦးဇော်လင်းတို့က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါး၏သမိုင်းကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောရောဂါလက္ခဏာများနှင့်ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါး၏အဓိကအုပ်စုကြီး(၃)ခုအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူဘဝ မကျရောက်အောင် လူငယ်လူရွယ်များအနေဖြင့် ကြိုတင်ရှောင်ရှားသင့်သည့်အချက်များနှင့် မူးယစ်ဆေးဝါးပြဿနာသည် လူ့အသိုက်အဝန်းတစ်ခုအတွင်းသာမက နိုင်ငံတစ်ခုချင်း၏တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်စေနိုင်သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးအသွင်ဖြင့် လုံးဝအမြစ်ပြတ်သည်အထိ ဝိုင်းဝန်းတိုက်ဖျက်ရမည်ဖြစ်ကြောင်းတို့ကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့်အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိန္တလီမြို့ရုံးအနေဖြင့် ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စာအုပ်မိတ်ဆက်၊ ပုံပြင်ပြောခြင်းပြိုင်ပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးသည့်အပြင် ဟောပြောပွဲများ၊ အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီ(ပြန်/ဆက်)