မိုင်းဆတ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီး

 

မိုင်းဆတ် မေ ၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ယမန်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်းသိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကျတီကျေးရွာအုပ်စု၊ ကုန်းမြင့်သာကျေးရွာ၌ နေအိမ်အချို့ အမိုးလန်ပျက်စီးခြင်း၊ ပြိုလဲပျက်စီးခြင်းနှင့် ရေလှောင်ကန် အမိုးလန် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။    

မြင့်မောင်(မိုင်းဆတ်)