ဇလွန် မေ ၁၀
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီမှကြီးမှူးဖွင့်လှစ်သော ၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်း အားကစားနည်း (၅) မျိုးအား ဧပြီလ ၂၅ ရက်နေ့မှစတင်၍ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အားကစားကွင်းတို့တွင် သတ်မှတ်အချိန်အလိုက် အခမဲ့သင်ကြားပေးလျက် ရှိကြောင်းသိရသည်။
ဇလွန်မြို့နယ် လူငယ်ရေးရာကော်မတီအနေဖြင့်နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက် မပြတ် ပေါ်ထွန်းစေရန် ရည်ရွယ်၍ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများအဖြစ် ဘောလုံးအား ကစားနည်းကို နံနက်( ၇ နာရီ မှ ၈း၃၀ ) ၊ ကရာတေးနှင့် အေရိုးဗစ် အားကစားနည်းကို နံနက် (၈းဝဝ နာရီ မှ ၉း၃၀) ၊ ကြက်တောင် အားကစားနည်းကို နံနက်(၉း၃၀ မှ ၁၁းဝဝ) ၊ ပိုက်ကျော်ခြင်း အားကစားနည်းကို မွန်းလွှဲ (၃းဝဝ နာရီ မှ ၄း၃၀) အထိသင်တန်းများကို သတ်မှတ်ချိန်အလိုက် မြို့နယ် ပြည်သူ့အား ကစားကွင်းနှင့်မြို့နယ် အားကစားခန်းမတို့တွင် ဧပြီလ ၂၅ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေး လျက်ရှိပြီး မေလ ၂၁ ရက်နေ့အထိ အားကစားသင်တန်းများကို အားကစား အမျိုးအစားအလိုက် စနစ်တကျသင်ကြားပို့ချပေး လျက်ရှိကြောင်းသိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)