မြင်းခြံ မေ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြင်းခြံခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဌာနစိတ်မှ ဒုတိယရဲမှူးနေလင်းနှင့် ရဲအုပ်ကျော်ဆန်းတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဆိုင်ရာပြစ်မှု/ပြစ်ဒဏ်များ၊ Online လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်သည့် အသိပညာပေးဆိုင်ရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လေးလေးနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်စောညွန့်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)