ကျိန္တလီ မေ ၁၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျိန္တလီမြို့ စာပေချစ်သူများအသင်းအဖွဲ့ (Book Club)နှင့်လစဉ်ကျင်းပလျက်ရှိရာ ယနေ့ နေ့လည်ပိုင်းအချိန်က စာရေးဆရာ လင်းရောင်စင်၏ ငါ့အတွက်ငါရှိတယ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိပြီး အသိပညာ ဗဟုသုတများ တိုးပွားလာခြင်း၊ တစ်ဦးနှင့်တစ်ဦး ဖလှယ်နိုင်ခြင်း၊ စာပေအကျိုးကျေးဇူးကို ရရှိခံစား နိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ထို့နောက်(Book Club) အသင်းဥက္ကဋ္ဌ ဦးခင်မောင်ညိုက စာရေးဆရာ လင်းရောင်စင် ရေးသားသော ငါ့အတွက်ငါရှိတယ် စာအုပ်သည် ဘဝခရီးလမ်းကို ကိုယ့်အားကိုယ်ကိုး ရုန်းကန် ရှင်သန်နေကြသူများအတွက် စိတ်ကျန်းမာချမ်းမြေ့မှုပေးစွမ်းသည့် နှလုံးသားဓာတ်စာ စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဒေါ်မေမြင့်က နှလုံးသားကိုနူးညံ့စေပြီး ဦးနှောက်ကို ထက်မြက်စေသော စာအုပ်ဆေးလုံးလေးများ အကြောင်းကို ဆွေးနွေးခဲ့ပြီး (Book Club) အဖွဲ့ဝင် ဦးကျော်မင်းသန်းက တခြားသူက ကျွန်တော်တို့မဟုတ်ဘူး၊ ကျွန်တော်တို့ပြုမူတဲ့အတိုင်း ပြန်ရဖို့ မမျှော်လင့်နဲ့ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ တက်ရောက်လာသော အဖွဲ့ဝင်များမှ ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)