သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ရေးစီးရေလာကောင်းမွန်စေရေး ဆွေးနွေးပွဲကျင်းပ

သာကေတ မေ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးဆွေးနွေးပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့၀င်(၁)ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းမှုလတန်းကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းများသန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ကန်စွန်းခင်းများကြောင့် ကျောင်းများဥပဓိရုပ်မထိခိုက်စေရေး၊ သစ်ပင်များခုတ်ထွင်ရှင်းလင်းရေး၊ မြို့နယ်အတွင်းရှိ ကျောင်းဝင်းအတွင်း၌ ကျူးကျော်အဆောက်အအုံများ ရှိ/ မရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ရှိပါက ဖယ်ရှားရှင်းလင်းသွားရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းမှာကြားခဲ့ကြကြောင်း သိရသည်။

 မို့မို့သူ (ပြန်/ဆက်)