နွေရာသီကျောင်းပိတ်ရက်ကာလများ၌ စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ

ပန်ဆောင် မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ ပန်ဆောင်မြို့၌ နွေရာသီကျောင်း ပိတ်ရက်များအတွင်း ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် စာပေဖတ်ရှုမှုအားကောင်းစေပြီး စာဖတ်စွမ်းရည်မြင့်မား တိုးတက်စေရေးအတွက်ပန်ဆောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကရွှေ့လျားစာကြည့်တိုက်ယာဉ် မော်တော်ဆိုင် ကယ်တစ်စီးဖြင့် ရပ်ကွက်နှင့်ကျေးရွာများတွင် စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက် ပေးကြောင်းသိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေ့လျားစာကြည့်တိုက်သည်ယာဉ်တစ်စီးဖြင့် မြို့အတွင်းရှိ ကျောင်းများ၊ ရပ်ကွက်ကျေးရွာနေပြည်သူများအား စာငှားကတ်တစ်ခုလျှင် စာအုပ်နှစ်အုပ်နှုန်းဖြင့် ရက်သတ္တပတ် နှစ်ပတ်ကြာ ငှားရမ်းပေးပြီး နှစ်ပတ်ပြည့်လျှင် စာအုပ် အသစ်များဖြင့် ပြန်လည်ငှားရမ်းပေးနေပြီး အသင်းဝင်ကတ်များကိုလည်း  အခမဲ့ပြုလုပ်ပေးကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)