အင်္ဂပူမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူ

အင်္ဂပူ   မေ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာ ရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်အား မြို့နယ်ပညာ‌ရေးမှူး ဆရာကြီး ဦးလှထွဋ်နှင့် ပညာရေးဝန်ထမ်းများက စိုက်ထူခဲ့သည်။ ထို့နောက် မြို့နယ်ပညာ ရေးမှူးနှင့်ဝန်ထမ်းများက ဆိုင်းဘုတ်အား အမွှေးနံ့သာရေများပက်ဖျန်းခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အင်္ဂပူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ (၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိဖြစ်ပြီး၊ "ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများ အားလုံးကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက်ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ ဆရာမများ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)