လှိုင် မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပြီး (၂၀၂၄-၂၀၂၅) ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းတင့်တယ် သာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေးတို့အတွက် ယမန်နေ့ နံနက်ပိုင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဒေါ်မြနှစ်လမ်းရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ အဆောက်အဦးနှင့် မလွတ်ကင်းသော၊ အမြင်မတင့်တယ်သည့် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ကျောင်းဆောင်များ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေဆိုး/ရေမြောင်းများ ဆယ်ယူခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာ မြင့်သန်းထွန်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ စုပေါင်း၍ ကျောင်းသန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။
ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသန့်ရှင်းသာယာလှပစေပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်သည့်အပြင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)