ညောင်ဦးမြို့နယ်၊ ရွှေဂူမိဘမဲ့ပရဟိတ မူ/လွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ညောင်ဦး မေ ၁၀

ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ ရွှေဂူမိဘမဲ့ပရဟိတမူလတန်းလွန်ကျောင်းတွင် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲတွင် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လတ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆုမွန်ဦးတို့မှ သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးများ၊ သစ်တောများနှင့်ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ရာသီဥတုပြောင်းလဲလာမှု၏အကျိုးဆက်များနှင့် တားဆီးကာကွယ်နိုင်မည့်နည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

ထို့နောက် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တည်ထောင်ဆောင်ရွက်လျက်ရှိသည့် နဘူးတော အမြဲတမ်းပျိုးဥယျာဉ်နှင့် ချောက်ဘုရားလှ အမြဲတမ်းပျိုးဥယျာဉ်များတွင် သစ်ပင်များပျိုးထောင်ထားရှိမှုအခြေအနေ၊ ပျိုးထောင်ရသည့်နည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးသည့်နည်းစနစ်များကို ကျောင်းသား/ကျောင်းသူများအား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

ဒီပါလင်း