မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များအရောက် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက ဧပြီလ ၂၈ ရက် နံနက်ပိုင်းက ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။