ကျောက်ဆည်မြို့နယ်တွင် အောင်နိုင်တိုး မိုးစပါး High Yield Potential စံပြကွက်တွင် မြေဩဇာ စုပေါင်းကြဲပတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် အောင်နိုင်တိုး မိုးစပါး High Yield Potential စံပြကွက် စိုက်ပျိုးထားသည့် မယ်ဇယ်ပင်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၅၉) ဦးပိုင်အမှတ်(၁၂၆/၂) တောင်သူဦးစိုးငွေ၏ မိုးစပါးခင်း၌ မြေဩဇာစုပေါင်း ကြဲပတ်ပွဲပြုလုပ်ခဲ့ခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက်(၉)နာရီက ပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင်နှင့်မြို့နယ် စိုက်ပျိုးညှိနှိုင်းမှုအဖွဲ့၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ စပါးစိုက်တောင်သူစုစုပေါင်း (၇၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။