မဟာအောင်မြေ ဧပြီ ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက ဧပြီလ ၂၈ ရက် နံနက်ပိုင်းက ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစီမံချက်ဖြင့် ရပ်ကွက်များအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် ပြည်သူ (၁၀၅) ဦးခန့်အား အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း (ပြန်/ဆက်)