ကံမမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယမန်နေ့ နေ့လယ်(၁)နာရီက အခြေခံပညာ အလယ်တန်းကျောင်းခွဲ(မင်းကုန်း)နှင့်ပူးပေါင်း၍ ကျောင်းသားလူငယ်များ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ပြန့်စွာသိရှိနိုင်စေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။