နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် အခြေခံ စားသောက်ကုန်များ သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချနေမှုများအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ နယ်မြေ(၁၁)၊ အမှတ်(၁၃၈)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် စားဖိုဆောင်သုံးပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချပေးနေမှု အခြေ အနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

နတ်မောက်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ဖြန့်ဝေပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ကျောက်ဖရုံစိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ကျောက်ဖရုံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်၌ ဈေးကောင်းရရှိကြောင်းသိရသည်။

သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ကျိုင်းလပ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉) နာရီက စကားပုံဆက်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့‌သည်။

မြစ်သားမြို့နယ်တွင် မြို့‌ပေါ်ရှိအခြေခံပညာမူလတန်း‌ကျောင်းများမှ KG ကလေးများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ ကာကွယ် ဆေးတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဆရာမများက မြို့‌ပေါ်ရှိ အခြေခံပညာမူလတန်း‌ကျောင်းများမှ KG ကလေးများအား ယမနနေ့နံနက်ပိုင်းအချိန်က  ပြင်းထန်ဝမ်းပျက်ဝမ်းလျှော‌ရောဂါ ကာကွယ်ဆေးကို တိုက်ကျွေးခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေး ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေး ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့် တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား/ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေရေးအတွက် ယမန် နေ့နံနက် ၁၀ နာရီက မိုင်းပုတ်ကျေးရွာအုပ်စု၊ အ.မ.က(မိုက်ကန်း)သို့ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

(၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်္ဂလာဒုံမြို့နယ် အမှတ်(၁) တပ်မတော် အရိုးအထူးကုဆေးရုံကြီး ခုတင် ၅၀၀ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင်၊ အင်းစိန်ခရိုင်၊ မရမ်းကုန်းခရိုင်၊ မှော်ဘီခရိုင်၊ လှည်းကူးခရိုင်၊ ကမာရွတ်ခရိုင်၊ အလုံခရိုင်၊ ကျောက်တံတားခရိုင်များရှိ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အသိပညာ‌ပေးဟောပြောပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများအား အသိပညာ‌ပေးဟောပြောပွဲ၊ ပုံတူပန်းချီဆွဲပြိုင်ပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to