သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)တွင် (၁၄) ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးလျက်ရှိရာ ၂၂၀၀ ဦးခန့် လာရောက်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါနအဆင့်မြင့် ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား (အခမဲ့) ကုသပေးလျက်ရှိရာ ယခု(၁၄)ကြိမ်မြောက်အဖြစ် ၂၂၀၀ ဦးခန့် လာရောက်ပြသသည်။

မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ကျေးရွာစွန့်ပစ်အမှိုက် စီမံန့်ခွဲမှုစနစ်၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး ဟောပြော

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် သာယာကုန်းခေတ်မီစံပြကျေးရွာတွင် ဖွင့်လှစ်သည့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်၊ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိ ပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား(MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်ကျေးရွာ ရှစ်မျက်နှာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။

အဖျောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်းနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက အဖျောက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ငုချယ်ရီခန်းမ၌ ကျင်းပပြုလုပ်သည်။

တံတားမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ မရမ်းဘေးကျေးရွာတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်၌ ဆောင်းသီးနှံ (နေကြာ) မျိုးစေ့ထုတ်လုပ်ငန်းနှင့် စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓါတ်မြေဩဇာပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ဆောင်းသီးနှံ(နေကြာ) မျိုးစေ့ထုတ်လုပ်ငန်းနှင့် စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့် ဓါတ်မြေဩဇာ ပေးအပ်ခြင်း အခမ်း အနားကို စက်တင်ဘာ ၂၀ နံနက် ၁၀:၀၀ နာရီက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to